နောက်ခံသမိုင်းကြောင်း

အစိုးရနည်းပညာကောလိပ်(‌ရွှေဘို)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ‌ရွှေဘိုမြို့နယ်တွင်တည်ရှိပါသည်။ ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် (၅)မိုင်(၃) ဖာလုံခန့်၊ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာလမ်းမကြီး၏ အရှေ့ဘက်(၁.၁၄) မိုင်အကွာတွင် တည်ရှိပါသည်။ အကျယ်အဝန်းအားဖြင့် ၇၉.၂၈ ဧကကျယ်ဝန်းပါသည်။

အစိုးရနည်းပညာကောလိပ်(ရွှေဘို)အား ၂၀၀၇ ခုနှစ် ဇန်နဝါရီလ(၂၀) ရက်နေ့တွင် အသစ်တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဝန်ကြီးက ၂၀-၁၁-၂၀၀၅ ရက်တွင် လာရောက်ကြည့်ရှု၍ အဆောက်အဦးဆောက်လုပ်မည့် မူလပန္နတ်အားသတ်မှတ်ပေးခဲ့သည်။ ၉-၁၂-၂၀၀၅ ရက်နေ့တွင် ဒုတိယဝန်ကြီးက ပန္နတ်တင်မင်္ဂလာအခမ်းအနားကို ဆောင်ရွက်ပေးခဲ့ပါသည်

အဆောက်အဦးကို ထူးထရေးဒင်းကုမ္ပဏီက ၂၅-၁-၂၀၀၇ စတင်တည်ဆောက်ခဲ့ပါသည်။ ရှေ့မျက်နှာစာအလျား ၄၅၂ ပေ၊ ဘေးမျက်နှာစာ ၃၀၀ ပေနှင့် U ပုံသဏ္ဍာန် သံကူကွန်ကရစ်အဆောက်အဦးဖြစ်ပါသည်။ ပင်မသုံးထပ် ကျောင်းဆောင်ကြီးအား ၂၀၀၈ခုနှစ် အောက်တိုဘာ (၃၀)ရက် နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ အစိုးရနည်းပညာကောလိပ်(‌ရွှေဘို)အား ၂၀၀၈ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် AGTI ပထမနှစ်ကျောင်းသားကျောင်းသူ ၄၈၃ ဦးဖြင့်စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ AGTI သင်တန်းများ၊ B.Tech သင်တန်း၊ BE သင်တန်းများကို ဖွင့်လှစ်ပို့ချခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ စနစ်သစ် B.Tech သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။

ရည်မှန်းချက်

လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ၌ ကျွမ်းကျင်တတ်မြောက်ထားသော အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် ထိရောက်စွာပါဝင်ဆောင်ရွက်နိုင်ပြီး ပြည်တွင်း၊ပြည်ပ အသိအမှတ်ပြုခံရသော သင်တန်းသားများ မွေးထုတ်ပေးရန်ဖြစ်သည်။

မျှော်မှန်းချက်

အရည်အချင်းပြည့်ဝသော နည်းပညာနှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို စနစ်တကျလေ့ကျင့်သင်ကြားပေး နိုင်မည့် ကျောင်းတစ်ခုဖြစ်လာရန် မျှော်မှန်းထားပါသည်။

စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သည့်ကာလ
ဒေါက်တာသက်နိုင်Ph.D(E.P)၂၅.၇.၂၀၀၇ မှ ၁၈.၁၂.၂၀၀၈
ဒေါက်တာသန့်ဇော်ဦးPh.D (E.P)၁၈.၁၂.၂၀၀၈ မှ ၈.၄.၂၀၁၁
ဒေါက်တာလေးမာန်ဝင့်Ph.D(Mech)၈.၄.၂၀၁၁ မှ ၂၈.၅.၂၀၁၈
ဒေါက်တာလင်းလင်းဇော်Ph.D(Mining)၂၈.၅.၂၀၁၈ မှ ၃၀-၃-၂၀၂၁
ဦးဇေယျာလှိုင်M.S(Aquatechnology)၁-၄-၂၀၂၁ မှ ယနေ့ထိ